Tuesday, October 17, 2006

ကောင်းရာသုဂတိလားပါစေကိုသက်ဝင်းအောင်

နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်ဝင်းအောင် ကွယ်လွန်သွားခဲ့ပြီ.. တန်ဖိုးရှိသော လူကောင်းတစ်ယောက် တိုင်းပြည်အတွက် အသက်ကိုစွန့်လွှတ်ပြီး ဘ၀တစ်ပါးကိုပြောင်းသွားခဲ့ရပြီ.. သူတို့ခံစားခဲ့ရသော သောကဝေဒနာများ ၊ ညှဉ်းပန်းနှိပ်စက်မှုများအားလုံးမှ လွတ်ကျွတ်သွားပေပြီ.. တို့နိုင်ငံ အကျဉ်းစံအိမ်အကြောင်းကတော့ ပြောရ၇င် ပုံပြင်လိုပါပဲလေ.. သူများနိုင်ငံက အကျဉ်းထောင်ဆိုတာ သာမန်လူအခန်းထက် ၁၀ဆလောက်သာပါတယ်.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ ကိုသက်ဝင်းအောင်တစ်ယောက် ကောင်းရာသု၈တိလားပါစေ.. ကျန်းမာရေးတွေယိုယွင်းလာပေမယ့် ဆေးကုသခြင်း တစ်စက်တစ်လေမှမရှိတဲ့ ရက်စက်ယုတ်မာသော နအဖရဲ့ အကျဉ်းထောင်ထဲမှာ အသက်ကို ပေးလှူသွားတဲ့ လူတွေအတွက် ကောင်းရာဘုံက စောင့်ကြိုနေမှာပါ.. နအဖကိုတော့ တစ်နေ့ လက်တစ်ချောင်းဖြတ်ပြီး ကြိမ်ဒဏ်ပေးတောင် ဒီအကြွေးတွေကြေမှာမဟုတ်ပါဘူး…

စာတွေရေးချင်ပေမယ့် ဘလော့ခ်ကကြွနေတော့ မရေးဖြစ်ဘူး ဒီနေ့တော့ အတိုးချရေးတော့မယ်.. ရန်ကုန်က အဖြူရောင်လှုပ်ရှားမှုအတွက် လူထုက ၀မ်းသာအားရ ဖော်လိုလိုက်ကြတာသိရတာ အများကြီးဝမ်းသာပါတယ်.. လမ်းပေါ်မှာလည်း ဖြူဖြူ ၊ ဘယ်နေရာမဆို အကြမ်းမဖက်တဲ့ အဖြူရောင်လှုပ်ရှားမှုလေးတွေနဲ့ မိမိဆန္ဒကို ဖော်ထုတ်ပြခြင်းပေါ့.. အဖြူရောင်လှုပ်ရှားမှုများရဲ့လူထုဆန္ဒများနှင့်အတူ ပြည်သူလိုလားသော လူ့အခွင့်အရေးနေ့အတွက် အားလုံးစည်းလုံးကြပါစို့……..

1 comments:

Anonymous said...

I'm very sorry to know that we lost one of the precious students in the mandalay jail.

"Tu toh sit arr nar shin tway lal wutt lite kya mar par byar".

mail4ourrights@gmail.com

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။