Thursday, August 31, 2006

နိုင်ငံရေးပို့စ်များဖျက်ခံရခြင်း

လေးစားရပါသော စာဖတ်သူများရှင်

လင်းထင်မြင်ချက်ဝေဖန်ရေးများဖြင့် ပြည့်နှက်နေသော နိုင်ငံရေး ပို့စ်များအားလုံးကို သက်ဆိုင်သောသူတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အကုန်ဖျက်ပစ်လိုက်ခဲ့တယ်။ သူ တော်တယ်လို့ ကျွန်မချီးကျူးပါတယ်။ လွယ်လွယ်နဲ့ ဟတ်ကာတွေလိုက်မရအောင် အကုန်လိုက်ပိတ်ထားတာတောင် ရအောင်ကြိုးစားတဲ့ အရည်အချင်းကိုတော့ မကောင်းတဲ့ဘွဲ့တစ်ခု အပ်နှင်းပြီး ဂုဏ်ပြုလိုက်ပါတယ်။ အချိန်အနည်းငယ် ပြန်ပေးဖို့ ကျွန်မကိုချစ်သောသူများအားလုံးကို တောင်းဆိုပါတယ်။ အဲဒီညနေက ကျွန်မ အတော်ဒေါသထွက်သလို တော်တော်ခံစားလိုက်ရတယ်။ တခြားသူက ၀င်ဖျက်ဆီးရင် ကျွန်မ သိပ်ဘာမှဖြစ်မှာမဟုတ်ဘူး။ ပြန်ရေးမယ် ထပ်ကြိုးစားမယ် လုပ်သူကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်မှာပဲ။ အခုက ကျွန်မ ဒီကမ္ဘာမှာ ရန်မဖြစ်ချင်ဆုံးသူ (၂)ယောက်ထဲက (၁)ယောက်က လုပ်လိုက်တော့ အတော်စိတ်ဓါတ်ကျသွားတယ်။ ဒါပေမယ့် အားလုံးကို လိုက်မရှင်းနိုင်တာနဲ့ ဒီမှာပဲ ပေါ်တင်အော်လိုက်ပါတော့တယ်။ အဲ ကျွန်မကို မချစ်နှစ်သက်သူ ၊ ကြည့်မရသူ ၊ အထင်လွဲသူများကတော့ ၀မ်းသာနေမှာပေါ့နော်။ ဒါပေမယ့် ကျွန်မရေးခဲ့တဲ့စာတွေထဲ စကားတစ်ခွန်းလိုပဲနော်။ ပါးစပ်တွေကို လိုက်ပိတ်လို့ရမှာပါ။ လက်တွေကို လိုက်ချိုးလို့ရမှာပါ။ ခြေထောက်တွေကို ချိုးနိုင်မှာပါ။ မျက်လုံးတွေ မမြင်၇အောင် ဖောက်ထုတ်နိုင်သလို နားတွေလည်း ကန်းအောင်လုပ်လို့ရပေမယ့် ရင်ထဲက ဒဏ်ရာခံယူချက်တွေကိုတော့ ပျောက်ကွယ်အောင် ဘယ်လိုနည်းနဲ့မှလုပ်မရပါဘူး။ ဒီလောက်ပဲ ကျွန်မပြောချင်သလို တောင်းပန်ချင်ပါတယ်။ အရင်ပို့စ်များအားလုံးကို တစ်ရက်တည်း အကုန်ပြန်တင်ပြီး အနည်းငယ် ပြန်ပြီး ဘလော့ခ်ကိုပြန်ပြင်ဆင်ချင်လို့ပါ။

Honey, You are the one I don’t want to argue..

Honey, You are the only one person I love most………. You are the only one person I hate most..

Honey, I will never forgive you for this case….

Honey, I don’t want to see your face even I am in last breath..

Don’t disturb me !!!!!!!!!!!!!!!!

1 comments:

Anonymous said...

carry on

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။