Thursday, July 27, 2006

Happy Birthday, My Dearest Brother K.A.S.W


ကိုအောင်ဆန်းဝင်း

ဒီနေ့ကတော့ လင်းနဲ့သိပ်ခင်ရတဲ့အကိုမွေးနေ့ပါ…… အကိုဘ၀မှာ ပျော်ရွှင်ခြင်းများစွာကို အောင်မြင်မှုတွေအများကြီးနဲ့အတူ ထပ်တူဆွတ်ခူးရရှိနေပါစေလို့ ဂျူးဆုတောင်းပြုပေးနေပါတယ်….

အကိုနဲ့လင်းလက်က အခင်ဆုံးမောင်နှမတွေဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် လိုတာရှိ၇င် တိုင်ပင်ဆွေးနွေးကြသူတွေပါ…. အကိုက လင်းလက်ကို အပြင်မှာ အတော်များများကူညီပေးသူတစ်ယောက်ဖြစ်သလို အနွံတာလည်းခံပါတယ်.. တစ်ခါတစ်လေ လင်းအိမ်မှာ ပြသနာတွေဖြစ်ပါတယ်… တစ်ခါတစ်လေ လင်းသေချင်လောက်အောင် စိတ်ညစ်ပါတယ်.. အဲဒီအခါမှာ တစ်ခြားမောင်နှမတွေက အဝေးမှာဖြစ်နေတယ်.. အကိုက လင်းကို အများကြီးအားပေးခဲ့သလိုဖြစ်သလို ဘယ်အရာမဆို ကူညီရသူလည်းဖြစ်ပါတယ်…

စိတ်ဆိုးမိချိန်မှာ လင်းဘာပြောပြော သူကစိတ်မဆိုးရပါဘူး.. လင်းကချည်း အရင်စိတ်ဆိုးသွားတတ်လို့ပါ. ဟိဟိ.. အွန်လိုင်းပေါ်မှာ စိတ်တိုရချိန်ဆိုရင်လည်း စိတ်မတိုဖို့ သူက အကြံပေးတတ်ပါတယ်… အကိုက စိတ်ကောင်းရှိသလို သူများကိုလည်း အရမ်းအားနာတတ်ပါတယ်.. ဒါကြောင့် တစ်ချို့သောမိန်းမတွေက အခွင့်ကောင်းလာလာယူတတ်တိုင်း လင်းကချည်း အကုန်လုံးတပ်ဆုတ်အောင် ကန်ထုတ်ပေးလိုက်တယ် ဟိး

လင်းဘ၀မှာ အမှတ်တရမောင်နှမတစ်ဦးဖြစ်သော အကို အမြဲတမ်းပျော်ရွှင်နေပါစေ..

Happy Birthday, My Dearest Brother.. May God Bless You Always !

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။