Friday, July 21, 2006

မေ့မရသောအခင်ဆုံးမောင်နှမများ(၂)

ဟိန်းသူရိန်

ကိုကြီးဟန်မင်းထွန်း အကိုအောင်သူမိုးတို့နဲ့ သိပ်ခင်တဲ့ လင်းမိတ်ဆွေကောင်းတစ်ယောက်ပါ။ သူက လင်းဘ၀မှာ အောင်မြင်မှုရဖို့ကြိုးစားရန် အမြဲသတိပေးနေတဲ့ မိတ်ဆွေကောင်းပါ.. မကျေနပ်ချက်တွေများလာလို့ လင်းစကားများတော့မယ်ဆိုရင် သူက လင်းထားရှိတဲ့ မိန်းကလေးတစ်ယောက် ကိုယ်ကျင့်တရားကို မထိခိုက်ဖို့ အမြဲသတိပေးတော့ ရံဖန်ရံခါ စကားနဲ့အနိုင်ပြန်ယူချင်တဲ့လင်းမှာ လက်တွန့်သွားရတယ်.. ဟိန်းတားမြစ်မှုကြောင့် မဖြစ်သင့်တာ အတော်များများ မဖြစ်ခဲ့တာတွေအတွက်လည်း အမြဲတမ်းကျေးဇူးပါဟိန်း..

ဟိန်းက လင်းကို အတော်ခင်သလို လင်းလည်းခင်ပါတယ်.. ဟိန်းက ကျန်းမာရေးအတွက် အမြဲပြောလေ့ရှိသလို သူက ရိုးသားကြိုးစားသူတစ်ယောက်ပါ… အေးချမ်းစွာနဲ့ စိတ်ဆိုးခြင်းလည်း သိပ်မရှိပါဘူး…

လင်းခင်မင်ရတဲ့ဟိန်းဘ၀မှာ ပျော်ရွှင်မှုတွေအများကြီးကိုရရှိနိုင်ပါစေ။

ကိုအောင်ချမ်းအေး

ချင်းမိုင်မှာ ပညာသင်ကြားနေတဲ့ ကိုကြီးတစ်ယောက်ပါ……… လင်းဘ၀မှာ အတောင်းပန်သင့်ဆုံးလူဆိုလို့ သူတစ်ယောက်တည်းရှိပါတယ.. ကိုကြီးအောင်ချမ်းအေးက လင်းကို သိပ်ကိုခင်ပြီး ခွင့်လွှတ်မှုတွေများပေမယ့် လင်းကတော့ သူနဲ့ပတ်သတ်ပြီး အနိုင်ယူခဲ့တာများနေပါတယ်…

အေးအေးချမ်းချမ်းနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ ကိုကြီးကို လင်းလေးစားလျက်ပါ… ဘ၀မှာ နာကျင်မှုဒဏ်တွေကို ခံရတဲ့သူတွေထဲမှာ ကိုကြီးမိသားစုလည်းအပါအ၀င်ဆိုတာ လင်းသိပ်နားလည်ပါတယ်ကိုကြီး..

snack စားရတာသိပ်ကြိုက်တဲ့ကိုကြီးကို လင်းသတိရလျက်ပါ… အသက်ငယ်ငယ်တုန်းက မဆင်မခြင်ပြောခဲ့မိတာတွေအတွက် ဂျူးကိုခွင့်လွှတ်ပါကိုကြီး…

ကိုကြီးဘ၀မှာ ကိုကြီးမိသားစုပျော်ရွှင်ချမ်းမြေ့မှုကိုပြန်လည်ရရှိပြီး တိုင်းပြည်နဲ့လူမျိုးအပေါ် ထားရှိတဲ့ ကိုကြီးတို့အားလုံးကြိုးစားမှုတွေ အမြန်ဖြစ်မြောက်လာစေဖို့ ဂျူးအမြဲဆုတောင်းပေးလျက်ပါကိုကြီး..

ကိုကျော်စွာမင်း

တောင်ကိုရီးယားက လင်းရဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သလို လင်းစာတွေအားလုံးကို ဒိုင်ခံဖတ်ပြီး သေချာအသေးစိပ်ဝေဖန်ပေးသူတစ်ယောက်ပါ..

ကိုကြီးကျော်စွာက သူကိုယ်တိုင်လည်းကဗျာတွေရေးသလို လင်းနဲ့က အနုပညာမောင်နှမတွေလို့ တစ်ယောက်နဲ့တစ်ယောက်ပြောလေ့ရှိပါတယ်.. စိတ်ဓါတ်ကျတိုင်း လင်းကို အားပေးခဲ့တာတွေအတွက် ကျေးဇူးပါကိုကြီး…. မေးလ်တွေမှန်မှန်ပို့ပြီး ကိုကြီးက လင်းဘေးအမြဲရပ်တည်ပေးခဲ့ပေမယ့် လင်းကတော့ ဘာတွေအလုပ်ရှု့ပ်မှန်းမသိအောင်ရှုပ်နေတာလည်းနားလည်ခွင့်လွှတ်ပေးပါနော်ဟိး

မျှော်လင့်ထားတဲ့တစ်နေ့မှာ ကယားပြည်နယ်ထိ လိုက်လည်မှာနော်ကိုကြီးရေ……. လင်းသိပ်ခင်ရတဲ့ အဝေးက အနုပညာမောင်နှမ ကိုကြီးလိုချင်တဲ့အေးချမ်းပျော်ရွှင်တဲ့ဘ၀တစ်ခုကို သက်ဆုံးတိုင်ရရှိနိုင်ပါစေကိုကြီး..

---

ဆွိ ( သြဇီ )

လင်းသိပ်ခင်ရတဲ့ ချစ်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ.. ဆွိနဲ့လင်းက စကားပြော အတော်ဖြောင့်သလို စိတ်ဓါတ်ချင်းလည်းတူကြပါတယ်.. ညီအမလို တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတာမို့ စကားပြောလည်း ပွင့်လင်းကြပါတယ်.. ဆွိရေးတဲ့စာတွေကိုလည်း လင်းကြိုက်သလို သူက အတော်ကိုချောတဲ့မိန်းကလေးမို့ သူ့ပုံစံလေးကိုလည်းချစ်ပါတယ်……… ဆွိဘ၀မှာ လိုချင်သောပန်းတိုင်နှင့်အတူ ပျော်ရွှင်မှုပေါင်းများစွာကို အမြဲထာဝရပိုင်ဆိုင်နိုင်ပါစေချစ်ဆုံးသူငယ်ချင်း။

---

မမပစ်ဂီ ( မြန်မာချတ် )

လင်းရေးတဲ့စာပေတွေနဲ့ပတ်သတ် စော်ကားသူတွေကို လင်းဘက်က မခံချင်စိတ်နဲ့ တုံ့ပြန်ပေးတဲ့ ချစ်မမတစ်ယောက်ပါ……….. ဝေဖန်ရေးမဟုတ်ဘဲ မိုက်ရိုင်းတဲ့သူတွေကို အမှန်တရားဘက်က တုံ့ပြန်ပေးတဲ့စိတ်ဓါတ်ရှိသူမို့လင်းသိပ်ခင်ရပါတယ်..

ချစ်ဖို့လည်းကောင်းသလို ဖြူစင်သောနှလုံးသားပိုင်ရှင် မမပစ်ဂီဘ၀အမြဲသာယာအေးချမ်းနေပါစေ။

-----

မီးလေးမေ ( မြန်မာချတ် )

လင်းလက်နဲ့ လေပေးအတော်ဖြောင့်တဲ့ သူငယ်ချင်းတစ်ယောက်ပါ… သူ့ကိုခင်သလို သူနဲ့စကားပြောရတာလည်း အယူအဆ ခံယူချက်တွေတူပါတယ်..

မီးလေးဘ၀မှာ လိုချင်တာအားလုံးကို ပိုင်ဆိုင်ရရှိနိုင်ပါစေသူငယ်ချင်း..

---

ဆရာလိန် ( မြန်မာချတ် )

လင်းရေးတဲ့စာတွေကို အထူးအားပေးတဲ့ အကိုတစ်ယောက်ပါ.. လင်းလိုအပ်ချက်တွေကို ထောက်ပြလေ့ရှိပြီး လင်း စာတွေဆက်မရေးတော့ဘူးပြောတိုင်း လင်းကိုပြန်လည် စိတ်ဓါတ်ကောင်းမွန်လာအောင် အပျော်လေးတွေနဲ့ ပြောတတ်သူပါ..

ညနေက လင်းစိတ်ဓါတ်ကျပြီး ပြောချင်ရာပြောနေတဲ့အချိန်မှာ စာတွေဆက်ရေးဖို့ သေချာရှင်းပြခဲ့တဲ့ အကို့ကို လင်းအထူးကျေးဇူးတင်ရှိပါတယ်..

အကို့ဘ၀ အမြဲပျော်ရွှင်နေပါစေအကို……..

-------

ကိုမင်း၂၀၀၅ ( မြန်မာချတ်)

လင်းနဲ့ နိုင်ငံရေး ဘာသာရေး ခံယူချက် ယူဆချက်တူသော အကိုတစ်ယောက်ပါ.. အမှန်တရားဘက်က အေးဆေးဆွေးနွေးလေ့ရှိပြီး လင်းရေးတဲ့စာတွေကို ဝေဖန်ထောက်ပြပေးသော အကို့ကို ကျေးဇူးတင်ပါတယ်နော်.

စကားနိုင်ပွဲ ၊ အမှန်ကိုထုတ်ပြောသော ရန်ပွဲတွေတိုင်း အတူတူတစ်ဖွဲ့တည်း ဆင်နွဲလေ့ရှိတာမို့ မကြောက်မရွံ့ပြောတတ်သော အကို့စိတ်ဓါတ်ကို လင်းအထူးလေးစားပါတယ်.. ပျော်ရွှင်ပါစေအကို..

-------

ကိုမိုဟိန်း ( သြစတြေးလျ )
လင်းစိတ်ကူးထဲက ဇတ်ကောင်တစ်ယောက်က သူ့စိတ်ဓါတ်နဲ့အတော်တူတာမို့ အံ့သြခဲ့မိရတဲ့ သူငယ်ချင်းတစ်ယောက်ပါ…… သူနဲ့ အစက တည့်တာမဟုတ်ဘူး ဟိး ဟုတ်တယ်နော် ကိုမိုဟိန်း.. ၁နှစ်ကြာမှ တည့်သွားတဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ.. ယောက်ျားပီသတဲ့စိတ်ဓါတ်ရှိသူမို့ လင်း သူ့ကိုအတော်ခင်ပါတယ်..

ဆေးလိပ်တအားသောက်သူမို့ သူနေမကောင်းဖြစ်တိုင်း လင်းကအမြဲမှာတမ်းခြွေ ဆူလေ့ရှိတာမို့ ရီလည်းရီရပါတယ်..

ပျော်ရွှင်အေးချမ်းပါစေ ကိုမိုဟိန်း..

------

ဖလိန်းးးးးးးးးး ( မြန်မာချတ်နှင့်ပလန်းနက်)

လင်း ခင်ရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ပါ………. လင်းရဲ့နှလုံးသားမှာ ရခဲ့တဲ့ဒဏ်ရာတစ်ခုက သူအဖြစ်အပျက်နဲ့တူတာမို့ သူက လင်းခံစားချက်တွေကို ကောင်းကောင်းနားလည်ပါတယ်..

သူ့ဘ၀အတွက် အကောင်းဆုံးကိုကြိုးစားရင်း လင်းစိတ်ညစ်ချိန်တိုင်းမှာ အားပေးစကားပြောလေ့ရှိပါတယ်.. အကူညီလိုရင်လည်း ကူညီတတ်သူမို့ သူ့ကိုလူတိုင်းခင်ပါတယ်..

ဖလိန်းရေ နင်ဖြစ်ချင်တာတွေအားလုံး အမှန်တကယ်လက်တွေ့မှာ ဖြစ်လာပါစေနော်.

----------

အကိုဒါဒါ

သူကတော့ လင်းနဲ့ခင်တဲ့ အကိုတစ်ယောက်ပါ…… တစ်ချိန်တုန်းက အွန်လိုင်းက ပြသနာတစ်ခုအတွက် စိတ်ညစ်ပြီး လင်းတစ်ယောက်တည်း ဖြစ်နေချိန်မှာ လင်းအတွက် အများကြီးကူညီခဲ့တဲ့ အခင်ရဆုံးအကိုတစ်ယောက်ပါ……..

ထူးခြားတာက သူနဲ့လင်းက စကားပြောရင် သူများတွေနဲ့ပြောသလို အကိုညီမ သုံးလေ့မရှီပါဘူး.. ပွင့်ပွင့်လင်းလင်းနင်နဲ့ငါသုံးတဲ့ ထူးခြားတဲ့မောင်နှမတစ်ယောက်ပါ ဟိဟိ

ပွင့်လင်းခင်မင်ပြီး လင်းကို အမြဲစိတ်မဆိုးဆိုးအောင် စလေ့ရှိတဲ့အကိုတစ်ယောက်ပါ…….. အကိုဒါဒါနဲ့အကိုညီလင်းဆက်က လင်းကိုခေါ်တဲ့နာမည်က တစ်ခုတည်းပါ ဟဲဟဲ

အကိုဒါဒါရေ ငါတို့တွေရည်မှန်းထားတဲ့ ပြောင်းလဲခြင်းတွေနဲ့အတူ အကို့ဘ၀မှာ အရာအားလုံး ပြည့်စုံပါစေနော်.

-----------

ညီမလေးဇင်မာ ၊ ညီမလေးဂူးဂူး ၊ညီမလေးပန်းသီး

တကယ်ကိုခင်ဖို့ကောင်းတဲ့ညီမလေး ၃ယောက်ပါ… လင်းကို သိပ်ခင်ကြသလို ရင်းရင်းနှီးနှီးစကားပြောလေ့ရှိပါတယ်..

သူတို့၃ယောက်က ရိုးသားပြီး တကယ်ကိုဖြူစင်ကြပါတယ်……….. ချစ်ဖို့ကောင်းတဲ့ညီမလေး၃ယောက်ပါ.. ညီမလေးတွေရဲ့ပညာရေးမှာ အထူးချွန်ဆုံးဖြစ်ကြပါစေလို့ မမလင်းလက်ဆုတောင်းပြုပေးလိုက်ပါတယ်နော်..

--

ကိုတင်ဇော်လင်း

စိတ်ဆတ်ပေမယ့် တကယ်ကိုခင်ဖို့ကောင်းတဲ့အကိုတစ်ယောက်ပါ…. ပလန်းနက်မှာ သူနဲ့သိခဲ့ပါတယ်.. အတွေးအခေါ်တွေကောင်းသလို မဟုတ်မခံစိတ်ရှိသူတစ်ဦးပါ……… သူ့ဘ၀နာကျင်ချက်စာတွေကိုဖတ်ပြီးချိန်မှာ စာနာခဲ့ပါတယ်.. သူ့ဓါတ်ပုံကိုစတွေ့ချိန်မှာ ပိုသိပ်ခင်မိသွားတယ်.. ဘာကြောင့်လည်းဆိုတော့ အကိုတင်ဇော်လင်းပုံက ညီမလေးလင်းလက် အကိုဝမ်းကွဲတစ်ယောက်နဲ့ သိပ်တူနေခဲ့လို့ပါ.. ထူးခြားစွာနဲ့နာမည်လည်း အတော်ဆင်ခဲ့ပါတယ်.. လင်းအကိုနာမည်က ကိုတင်ဇော်ဝင်းအောင်ပါ……… တပ်မတော်ထဲကလေကြောင်းဗိုလ်ကြီးဖြစ်ပြီးချိန်ကစ အခုထိပြန်မဆုံသေးပါဘူး…… ညိမလေး အကိုနဲ့သိပ်တူတဲ့အကိုလွမ်းဘ၀မှာ အမြဲပျော်ရွှင်နေပါစေအကို..

0 comments:

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။