Thursday, July 27, 2006

ရင်ထဲကရွှေနိုင်ငံ (၂)

ကျောလယ်ကိုချထားတဲ့ ကိုယ့်ဆံပင်ကိုယ်ကြည့်ပြီး အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပြန်တယ်.. ရန်ကုန်မှာ ဆင်းရဲသောမိန်းကလေးများ ဂတုံးသာသာပဲရှိတော့တယ်တဲ့. ကြားရတာ စိတ်တောင်မချမ်းသာဘူး.. မိမိကိုယ်မှာရှိသော မိန်းကလေးများအတွက် အလှကျက်သရေရှိသော ဆံပင်တောင်ဖြတ်ရောင်းပြီး ၀မ်းရေးအတွက် အသက်ဆက်နေရတယ်ဆိုသော သတင်းများကိုကြားလိုက်ရချိန်မှာ ကျေးဇူးကြီးမားလှသော ဘဘဘုရား သန်းရွှေတို့ကို နုတ်နုတ်ပါစင်းချင်မိတယ်.. သူတို့အမေ ၊ သူတို့မိန်းမတွေသာ ဂတုံးဆို သူတို့ဘယ်လိုနေမှာလည်း……

ထမင်းရည်တောင် ၅ကျပ် ၁၀ကျပ်နဲ့ဝယ်သောက်နေရတယ်ဆိုတဲ့ ပဲခူးဘက်က အသိတွေစကားက ကျောပါချမ်းသွားတယ်.. လင်းလက်ကြားဖူးခဲ့တာက ထမင်းရည်ဆိုတာ အ၇င်က နယ်တွေဘက်မှာ နေ့လည်ခင်းဆို ၀က်မွေးထားတဲ့အိမ်တွေက ပုံးတွေနဲ့လာတောင်းတယ်.. အိမ်ကလူတွေကပေးလိုက်တယ်. ၀က်တွေသောက်တာပါ…. အခု နိုင်ငံက ချမ်းသာလား မချမ်းသာလား လူတွေပါ ထမင်းရည်သောက်နေရတယ်တဲ့… သြော်ဒါလား ရန်ကုန်မှာ လမ်းသွားရင် ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီး ` ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်စီသို့´တဲ့ …….. ခေတ်မီတယ်သာဆိုတယ် နိုင်ငံကစုတ်ပြတ် ၊ သီချင်းထဲကလို အမျိုးသမီးကောင်းတွေက ကြက် ကြက် ကြက် ဖြစ်နေပြီ…..

တစ်ခါတုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်က လယ်သမားတွေနဲ့ စကားဝိုင်းပွဲလုပ်တော့ စာပေမတတ်တဲ့ လယ်သမားကြီးက ထပြောပုံက ` ဗိုလ်ကြီးတို့ကမှ ဟိုလူက လာပေး ဒီလူကလာပေး ချမ်းသာသေးတယ်။ ကျူပ်တို့က ထမင်းတောင်မ၀ပါဘူး´တဲ့… ရီလိုက်ရတာ အူတွေပါလှိမ့်တယ်..

ပြည်သူတွေထဲက အဆီအနှစ်ကိုထုတ် ၊ လက်နက်နဲ့ခြိမ်းခြောက် ၊ ပြည်သူထမင်းအိုးကိုခွဲနေသာ ဗိုလ်ချုပ်ကြီးများလည်း ညခင်းအိပ်ရင် အိပ်တောင်ပျော်ရဲ့လားမသိ.. ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်မှာ တုတ်တွေ ဒါးတွေနဲ့ လာတိုက်ခိုက်သူများကို ပြန်လည်ခုခံမယ်ဆိုပြီး စောင့်နေတဲ့ သူတို့တပ်ဖွဲ့သားတွေကိုလည်း ရီချင်ပါတယ်.. သူတို့လိုလူတွေကို ဘယ်သူမှကျည်ဆံအကုန်ခံလာမတိုက်ဘူး.. ကျည်ဆံတစ်တောင့်က သူတို့အသက်ထက်ပိုဈေးကြီးတယ်…. တစ်ယောက်တစ်ချက်သာ ၀ါးရင်းတုတ်နဲ့ ၀ိုင်းဆော်ပစ်လိုက်ရင် ပွဲသိမ်းရော…

နယ်ဘက်တွေမှာ မိန်းကလေးတွေက ဆံပင်တွေဈေးကောင်းတော့ ဆံပင်ရောင်းကြတယ်.. ဦးထုပ်တွေဆောင်းရင်း အပြင်ကိုထွက်ကြရတယ်ဆိုတော့ မိတ်ဆွေတို့လည်း ဦးထုပ်ရောင်းဝယ်ရေးလုပ်ငန်း သွားလုပ်ရင်အဆင်ပြေမယ်ထင်ပါရဲ့ ……

စည်ပင်သာယာက ခေါင်းပုံဖြတ် ၊ နှိပ်စက်နေတော့ ဈေးသည်လေးတွေလည်း အရင်းပါပြုတ် စားစရာပါမကျန်ဖြစ်နေတဲ့ သတင်းတွေကြားရတာ ထမင်းတောင်စားမ၀င်ဘူး.. ဒီလိုအဖြစ်အပျက်တွေကို ကြည့်နေတဲ့ တစ်ဘို့တည်းသာ ကြည့်သော ဘဘကြီးတို့ကို နားရွက်ဆွဲပြီး ဆောင့်ကန်ချင်ပါရဲ့ …

အခုဆိုရင် မြနမာနိုင်ငံက ပြိုလဲတော့မယ့် အိမ်တစ်ဆောင်နဲ့တူနေပါတယ်.. ညာဘက်ကိုယိမ်းလိုက် ဘဘကြီးတို့က ရရာလေးနဲ့ထိုးခံလိုက် ၊ ဘယ်ဘက်ကိုယိမ်းလိုက် ဟိုဟာလေးနဲ့ ခံလိုက်.. သြော် ချက်ကြောနဲ့ ရှက်ကြော မွေးကတည်းက မှားဖြတ်လာတယ်ထင်ပါတယ်…

မကြာတော့ပါဘူး.. သေနေ့လည်းစေ့တော့မှာပါ.. ဘဘကြီးတို့ ဘာကြောင့် မသေလည်းဆိုတော့ မိတ်ဆွေတို့သိကြလား…… သူတို့ရဲ့ယုတ်မာမှုတွေက ပြိုင်စံရှားတယ်.. အဲဒီလိုလူမျိုးတွေနဲ့ ထိုက်တန်သော ငရဲခန်းဆိုတာ ငရဲမင်းကြီးက တည်ဆောက်နေတာမပြီးသေးဘူးလေ.. အဲဒီတော့ ခေါ်လို့မရသေးလို့ပါတဲ့…… မကြာခင်အဆောက်အအုံလည်းပြီးမှာပါ.. သူတို့လည်း မာကကနဲ့ ဈန်ကြွတော့မှာပါ…….

ရွှေနိုင်ငံကြီး အမြန်ပြောင်းလဲသာယာနိုင်ပါစေ…….

အဝေးက

နိုင်ငံချစ်သူ

2 comments:

Anonymous said...

I thought some ifo at there was not correct. I left yangon last year and I admit that country economy still coming down (my be worst) but condition are not like that posted in this blog. A sort of pessimism and "Bay htai bu pyaw" is nothing better for our country cause it is easier said than done.... by thiha(zaw.thiha@yahoo.com)

သက်စံ said...

i don't agree with you thiha zaw.
i think u just knew abt yangon.
hay come on lin let kyel zin
go ahead.i know u r just what u belive.
i can see your honest in your post.
thanks.

Post a Comment

အကြံပြု comment ၀င်ရေးပေးတဲ့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင် ။ မဖွယ်မရာ စကားများ ၊ ဆဲဆိုခြင်းများ ၊ ပေါကြောင်ကြောင်စကားများ ၊ တစ်စုံတစ်ဦး၏ ကိုယ်ကျင့်တရားသိက္ခာကို ထိခိုက်စေသော စကားများ ဖြစ်ပါက ထို comment များကို လက်ခံမည်မဟုတ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင် ။ အလည်လာရောက် အကြံပြုရေးသားခြင်းများအတွက် ကျေးဇူးတင်ပါတယ် ။ စာများ ရှင်းလင်းစွာ မြင်ရဖို့အတွက် Space များ ထည့်ရိုက်ပေးကြပါရှင်။